မောက်မယ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲလုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မောက်မယ် နိုဝင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်ယွန်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဟံရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က သင်တန်းတက်ရောက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အခန်းကဏ္ဍများ ရှင်းလင်းပြောကြားကာ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမများ (၉၄) ဦးတက်ရောက်ပြီး သင်တန်းကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ နှစ်ရက်အကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)