ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာကြီး ဦးကျော်စိန်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်၏ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေ မည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရည်အချင်းပြည့်ဝသည့် စက်မှုလက်မှုသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန် အသိပညာပေးဟောပြောခဲ့သည်။

အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာကြီး ဦးကျော်စိန်၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် အ-ထ-က (ခိုလမ်)ကျောင်းမှ Grade - 8၊ Grade-9 ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)