ကလော နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် ကလောမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာ သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာဦး က မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်ချက်များ၊ မဲပေးစက်ဆိုင်ရာလုပ်ငန်းစဥ်များကို စာတွေ့၊ လက်တွေ့ရှင်းလင်းပို့ချပေးရာ တက်ရောက်လာကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ်တာဝန်ယူကြမည့် ဆရာ/ဆရာမသင်တန်းသား/သင်တန်းသူများမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ နိုဝင်ဘာ (၂၆) ရက်မှ နိုဝင်ဘာ (၂၇) ရက်အထိ သင်တန်းသား/သင်တန်းသူ (၁၃၆)ဦးတက်ရောက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)