၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော မိုင်းဆတ်ခရိုင်ပြိုင်ပွဲဝင် အေရိုးဗစ်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မိုင်းဆတ် နိုဝင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော မိုင်းဆတ်ခရိုင်ပြိုင်ပွဲဝင် အေရိုးဗစ်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများအား Video Clip ဖြင့် ဂုဏ်ပြုပြသခဲ့သည်။

ယင်းနောက် သဗ္ဗညုကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဥူးဣန္ဒက၊ အမှတ် (၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး ဒေါ်ဖြူသက်နှင်းထွတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အေရိုးဗစ်အားကစားသမားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ပြိုင်ပွဲအတွေ့အကြုံများရှင်းလင်းတင်ပြပြီး ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)