ရပ်စောက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်

ရပ်စောက် နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် နိုင်ငံရေးပါတီများ၊ မြို့နယ်ရပ်ကွက်ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံ) ဦးခင်မောင်ဦးမှ အဖွင့်အမှာစကား ပြော‌ကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေ‌အနေကို တင်ပြခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်က ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ကာ ပြည်ထောင်‌စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံ) မှနိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)