ကွန်ဟိန်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ မဲရုံမှူး/ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲခန့်က နမ့်ပန်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲဥက္ကဋ္ဌ ဦးမြလွင်မှသင်တန်း နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာရှင်းလင်းပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရှင်းလင်းပို့ချနေမှုများကို အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)