မိုင်းယန်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်/ မြို့နယ်အမျိုးသမိးရေးရာအဖွဲ့တို့ ပူးပေါင်း၍ သားဆက်ခြားခြင်း၊ မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အာဟာရထောက်ပံ့ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမားရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သားဆက်ခြားခြင်းအကြောင်းနှင့် မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ အာဟာရသင့်တင့်မျှတစွာစားသုံးခြင်း၊ မိခင်နို့စနစ်တကျ တိုက်ကျွေးနည်းသရုပ်ပြခြင်းနှင့် ကျန်းမားရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အာဟာရဖြစ် အစားအစားများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး (ပြန်/ဆက်)