လှိုင် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လှိုင်မြို့နယ်အတွင်းရှိစျေးများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို လှိုင်မြို့နယ်၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထက် ဦးဆောင်၍ လှိုင်ဈေးကြီးမှစတင်ကာ လှိုင်သာယာဈေး၊ ရတနာမွန်ဈေးတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စျေးများတာဝန်ခံအရာရှိ၊ ဈေးတာဝန်ခံများ၊ ဈေးဝန်ထမ်းများ၊ ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေးစီမံချက်ပါ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ခြင်းဆိုသော မြန်(၃)မြန် စနစ်အား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်