ကျိုက်ထို နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကော့ထင်းကျေးရွာ၊ ကနံပိုင်းလမ်း(ပထမပိုင်း)နှင့် တိုင်ကော်တိုးချဲ့ကွက်သစ်ပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီမှုအား ကျိုက်ထိုခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်(မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ပြည်သူများလမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ဒေသထွက်စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ကော့ထင်းကျေးရွာ ကနံပိုင်းလမ်း(ပထမပိုင်း)ကို ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ (၁၇၀.၃၅၁)သန်းဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး တိုင်ကော်တိုးချဲ့ကွက်သစ်ပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေ (၇၃.၅၀၀)သန်းဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြရာ အဆိုပါလုပ်ငန်း(၂)ခုအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်