ကျိုင်းတုံမြို့နယ်တွင် စာကြည့်တိုက်များရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် စာကြည့်တိုက်များ ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံမြို့နယ်တွင် စာကြည့်တိုက်များ ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် စာကြည့် တိုက်များ ထပ်မံတိုးချဲ့ ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းကို နိုဝင်ဘာ ၂၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက  အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ယခင်ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်များရေရှည်တည့်တံ့ကောင်းမွန်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် စာကြည့်တိုက်များ ထပ်မံတိုးချဲ့ဆောက် လုပ်ရန် ဆန္ဒရှိသော ကျေးရွာများအနေဖြင့် ကြိုတင်ပြင်ဆင်လျာထား‌ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)