ကျိုင်းတုံမြို့ Polytechnic University (Kyaing Tong) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်တန်းများ  စတင်ဖွင့်လှစ်သင်ကြား

ကျိုင်းတုံ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ Polytechnic University (Kyaing Tong) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်တန်းများကို နိုဝင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Polytechnic University (Kyaing Tong) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်ရရှိသူ အင်ဂျင်နီယာ ဘာသာရပ်အတွက် ၆၁ ဦး၊  ကွန်ပျူတာ ဘာသာရပ်အတွက် ၄၆ ဦး စုစုပေါင်း ၁၀၇ ဦးအား Polytechnic University (Kyaing Tong) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမတို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး ကျောင်းသား၊ ကျောင်းသူများက အလုပ်ရုံများအား လေ့လာကြကာ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။

Polytechnic University (Kyaing Tong)တွင်  ပထမနှစ်မှ ဖိုင်နယ်အထိ အင်ဂျင်နီယာ ဘာသာရပ်တွင် ၃၁၇ ဦး၊ ကွန်ပျူတာ ဘာသာရပ်တွင် ၁၄၀ ဦး၊  စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၅၇ ဦး တက်ရောက် ပညာသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)