ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer JN1 (Gery Cap)ထိုးနှံပေး

ဒဂုံအရှေ့ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer JN1 (Gery Cap)ကို ယနေ့နံနက်ပိုင်းက အမှတ်(၃)၊ (၅၂)ရပ်ကွက် တို့တွင် ဦးတည်အုပ်စုများအား Pfizer vaccine(JN1)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်အလိုက် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

အေးမဉ္ဇူ