မုဒုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)၌ ဖွင့်လှစ်သည်။
သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်အချိန်ကာလ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်အကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးတို့၏ တာဝန်နှင့်ဝတ္တရာများ အကြောင်းအရာကိုရှင်းလင်းပြောကြား၍ သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၄)ဦးနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲရုံဖြည့်သွင်းရမည့်ပုံစံများ၊ မဲရုံပုံစံခင်းကျင်း၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်သည့် သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး မဲရုံမှူး(၁၀၀)ဦး၊ ဒုမဲရုံမှူး (၁၀၀)ဦး တက်ရောက်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)