ကျိုက်ထို နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance နှင့် ကာယလေ့ကျင့်ခန်းပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၂၅)ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance နှင့်ကာယလေ့ကျင့်ခန်းပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများနေရာယူခြင်း၊ သရုပ်ပြတင်ဆက်ခြင်းနှင့် ကာယအတွဲ ၃၊၄ ဖြင့်ကပြဖျော်ဖြေပြီး အခြေပညာကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၇)သင်းမှ Fitness Dance နှင့် ကာယလေ့ကျင့်ခန်းတို့ကို ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)