မူဆယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နှင့် နမ့်ခမ်းမြို့နယ်တို့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူ (၃၉)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူ (၃၀)ဦး၊ စုစုပေါင်း (၆၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်၊ နမ့်ခမ်းမြို့နယ် ဦးစီးမှူး ဦးနိုင်ထူးမြင့်တို့ အနီးကပ် ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)