ပင်းတယမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင်မီးခိုးမြူငွေ့လျော့ချရေးဆိုင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်းတယ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာ    အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးခန့်မင်းမော်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင်မီးခိုးမြူငွေ့လျော့ချရေးဆိုင်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးသည်။ ထိုနောက် အခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည်ဆွေးနွေးဖြေကြားပေးကြပြီး၊ ဆွေးနွေးပွဲတွင်ဝင်ရောက်ဆွေးနွေးခဲ့ကြသူများကို အမှတ်တရဆုလက်ဆောင်များကို ချီးမြှင့်ပေးခဲ့ကြောင်းနှင့် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)