အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် Mask Campaign ပြုလုပ်

မန္တလေး ဒီဇင်ဘာ ၂၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်၈ နာရီက နန်းတော်ရှေ့ဈေး၊ ညောင်ပင်ဈေး၊ အိုးဘို ဘူတာဈေးတို့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းပါးစပ်နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်ကြစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်စီစဉ်မှုဖြင့် ဈေးသူဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဈေးတစ်ဈေးလျင် ပါးစပ်နှာခေါင်းစည်း(Mask) အခုရေ (၁၅၀၀) စီဖြန့်ဝေပေးပြီး Mask Campaign ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ တိုင်းကျန်းမာရေးဦးစီးမှ ဒုတိုင်းဦးစီးမှူးဒေါ်သင်းသင်းနွယ်၊ အောင်မြေသာစံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီစျေးဌာနမှ ဒုတိယဌာနခွဲမှူး ဦးတင်စိုးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံနှင့်အဖွဲ့များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူးများက စုပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အောင်မြေသာစံမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် ရပ်ကွက်များအလိုက် Mask Campaign ဆောင်ရွက်ခြင်း၊ စျေးများတွင် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းအစရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)