ပြင်ဦးလွင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့မဈေးကြီးအနီး အသစ်တည် ဆောက် ပြီးစီးပြီဖြစ်သော Pyin Oo Lwin Wet Market သားငါးရုံ ကို ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖွင့်လှစ်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Pyin Oo Lwin Wet Market သားငါးရုံတွင် ၈ ပေ × ၆ ပေ ဆိုင်ခန်းပေါင်း (၄၀) ပါဝင်ပြီး ရေ၊ မီး အပြည့်အစုံဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဆိုင်ခန်း (၃၄) ခန်းအား မဲစနစ်ဖြင့် နေရာချထား ပေးခဲ့ပြီး စည်ပင်လိုင်စင်ရ ဆိုင်ခန်းရှင် (၃) ဦးအတွက် (၁) ဦးလျှင် (၂) ခန်းနှုန်းဖြင့် ဝက်သားဆိုင်ခန်း (၂) ခန်း ၊ မဲသားဆိုင်ခန်း (၂) ခန်း ၊ ဆိတ်သားဆိုင်ခန်း (၂) ခန်း၊ ပေါင်း (၆)ခန်း တို့ဖြင့် အသီးသီး ရောင်းချနိုင်ရေး သတ်မှတ်ဆောင်ရွက်ပေးထားကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Pyin Oo Lwin Wet Market သားငါးရုံကို နံနက် (၄:၃၀) နာရီမှ ညနေ (၅:၀၀) နာရီထိ ဖွင့်လှစ် ရောင်းချခြင်းဖြင့် ဈေးရောင်းသူ/ဝယ်သူများ အလွယ်တကူရောင်းဝယ်နိုင်သည့် အကျိုးကျေးဇူး အပြင် ဈေးတွင်း/ဈေးပြင် သန့်ရှင်းသာယာ လှပလာမည်ဖြစ်သည်။ ဆိုင်ခန်းငှားရမ်းခများကို သက်ဆိုင်ရာဌာနသို့ လစဉ်လဆန်းရက်အရောက် ပေးသွင်းရမည်ဖြစ်ပြီး ယခုလက်ရှိ ဖွင့်လှစ် ထားရှိသော ယာယီ သားငါးတန်း နေရာတွင် ပျံကျဟင်းသီးဟင်းရွက်တန်းကို စနစ်တကျရောင်း ချနိုင်ရန် ဆက်လက် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။
ဇော်မျိုးထိုက်