ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ပင်းတယ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး အ.ထ.က(ကြိုသက်)ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေပေးကြကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ

နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စာပေပညာရှင်များ၊ အဆိုပါပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးခဲ့ကြောင်းနှင့်အခမ်းအနားတွင် အ.ထ.က (ကြိုသက်)ကျောင်းသား/ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက် "တေးသီချင်းဖြင့်သီဆိုဖျော်ဖြေဆင်ဆက် ကပြပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)