ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်

လွိုင်လင် နိုဝင်ဘာ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်၏ ၂၀၂၅_၂၀၂၆ ပညာသင်နှစ် နည်းပညာနှင့်ကွန်ပျူတာဌာများတွင် ပထမနှစ်ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ပထမနှစ်အတွက် သင်ကြားရမည့်ဘာသာရပ်များ၊ သင်ကြားပို့ချမည့် ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီးနောက် ကျောင်းစည်းကမ်း၊ အဆောင်နေစည်းကမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

လွိုင်လင်မိုး