ကျိုက်ထိုမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation) ဖွင့်ပွဲကျင်းပ

ကျိုက်ထို နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး  မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နန္ဒာရည်ကျော်က MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက MEVM မဲပေးစက်အသုံးပြုရန် လက်တွေ့သင်ကြားမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာ(၆)ဦးတို့က သင်တန်းသား/သူ(၅၁)တို့အား စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)