မိုင်းခတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ကျိုင်းတုံပင်မဓာတ်အားခွဲမှတဆင့် ၆၆ကေဗွီ Feeder (1) မှ ဓာတ်အားကို မိုင်းခတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ (၇) ရွာသို့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကစတင်၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ယခင်က ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မြို့ပေါ်ရှိ မီးသုံးစွဲသူပြည်သူ (၄၈၅) ဦးကို တစ်ရက်လျှင် (၃) နာရီဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိရာ ယခုတွင် ကျိုင်းတုံမြို့ ၂၃၀ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံရှိ 230/66/11 kv,100 MVA Transformer၏ ၆၆ ကေဗွီ Feeder (1) (မိုင်းခတ် Feeder) မှ ဓာတ်အားကို လက်ခံရယူပြီး မိုင်းခတ် (66/11 KV/10 MVA) ဓာတ်အားခွဲရုံမှ 11KV ဖီဒါတစ်ခုဖြင့် မိုင်းခတ်မြို့ပေါ်ရှိ မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် စွပ်ပလောင်းကျေးရွာ၊ ယမ်းတောင်းကျေးရွာ၊ တာဆော့ကျေးရွာ၊ ကျိုင်းပင်းကျေးရွာ၊ ကုန်းမွန်ကျေးရွာ၊ ပင်းကွေ့ကျေးရွာ၊ ဝမ်မိုင်ကျေးရွာတို့မှ မီးသုံးစွဲသူ (၇၂၅) ဦးတို့အား ဝန်အား (0.7) MW ဖြင့် စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း မိုင်းခတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)