မိုင်းယောင်းမြို့၌ တရားမဝင်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

မိုင်းယောင်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နေ့က တရားမဝင်စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ်တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက မုန်းလိုက်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြက်ဥ ၁၅ ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၅၀၀ဝ ကိုလည်းကောင်း၊ နောက်ထပ် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကြက်ဥ ၂၃ ဖာ၊ စုစုပေါင်းခန့်မှန်းတန်းဖိုးငွေကျပ် ၃၀၃၆၀၀ဝ၊ မြက်သတ်ဆေးအမုန့် ၄၅ ဖာ၊ စုစုပေါင်းခန့်မှန်းတန်းဖိုးငွေကျပ် ၂၄၇၅၀၀ဝ၊ ခြင်ဆေးခွေ ၅ ဖာ၊ စုစုပေါင်းခန့်မှန်းတန်းဖိုးငွေကျပ် ၃၆၀၀၀ဝ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီးအမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)