မိုင်းခတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်နိုင်ငံတော်ဓာတ်အားစနစ်ဖြင့်ကျိုင်းတုံပင်မဓာတ်အားခွဲမှတဆင့်၆၆ ကေဗွီFeeder(1)မှဓာတ်အားကိုမိုင်းခတ်မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွ ာ(၇) ရွာသို့ နိုဝင်ဘာ၂၂ ရက် ညနေပိုင်းအချိန်ကစတင်၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ယခင်က ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မြို့ပေါ်ရှိမီးသုံးစွဲသူပြည်သူ (၄၈၅) ဦးကို တစ်ရက်လျှင် (၃) နာရီဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ ယခုတွင် ကျိုင်းတုံမြို့ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံရှိ 230/66/11 kv ,100 MVA Transformer၏ ၆၆ ကေဗွီ Feeder(1)(မိုင်းခတ် Feeder)မှဓာတ်အားကိုလက်ခံရယူပြီး မိုင်းခတ်(66/11 KV/10 MVA)ဓာတ်အားခွဲရုံမှ 11KV ဖီဒါတစ်ခုဖြင့် မိုင်းခတ်မြို့ပေါ်ရှိ မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် စွပ်ပလောင်းကျေးရွာ၊ ယမ်းတောင်းကျေးရွာ၊ တာဆော့ကျေးရွာ၊ ကျိုင်းပင်းကျေးရွာ၊ ကုန်းမွန်ကျေးရွာ၊ ပင်းကွေ့ကျေးရွာ၊ ဝမ်မိုင်ကျေးရွာတို့မှ မီးသုံးစွဲသူ (၇၂၅) ဦးတို့အား ဝန်အား(0.7)MWဖြင့် စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း မိုင်းခတ်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)