ကျေးသီး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုက ရေစီအ ထွေထွေ ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြုလုပ်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်များကအဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအခြေအနေများကို လိုက်လံကွင်း ဆင်းကြည့်ရှုစစ် ဆေးခဲ့ကြသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး မှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ တင်သွင်းကြရမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)