သာစည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုများကို နိုဝင်ဘာ ၂၁ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော် နှင့်ကော်မတီဝင်များနှင့်တာဝန်ရှိသူများက သာစည်မြို့အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် ရွာမွန်သာကျေးရွာတို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာနေရာများသို့ သွားရောက် ကာမဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး မဲစာရင်းတွင် မပါဝင်ခြင်း၊ မှားယွင်းခြင်းနှင့် ကန့်ကွက်လိုခြင်းများရှိပါက ဆောင်ရွက်ရမည်များကို ရှင်းလင်း ပြောကြားပြီး ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းပြီး အခက်အခဲများ အဆင်ပြေစေရေး တို့အတွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာ ၂၁ ရက်မှဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်များနှင့်ကျေးရွာအသီးသီးတို့တွင် ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်