မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုဝင်များအား ငွေကြေးနှင့်အိမ်ဆောက်ပစ္စည်းများပေးအပ်

အမရပူရ နိုင်ဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက် ၇ နာရီခွဲအချိန်က အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေလွန်းကျေးရွာ ရတနာခန်းမ၌ အမရပူရမြို့နယ်အတွင်း ငလျင်ဘေးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုဝင်များအား ငွေကြေးနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်အစိုးရက မန္တလေးငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုများအား ငွေကြေးနှင့်အိမ်ဆောက်ပစ္စည်း များ ထောက်ပံ့ပေးအပ်မည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငလျင်ဘေးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမရပူရမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်များပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ရန်  သံနှင့်သွပ်များထားရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ငယ်တိုးကျေးရွာ ယာယီအုပ်ချုပ်ရေးမှူးရုံးတွင် ဒုတိယအကြိမ်ကြော်ငြာထားသော မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)