မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အားကစားဥယျာဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊

မော်လမြိုင်  နိုဝင်ဘာ ၂၂

မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်‌ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းကမော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စု‌ပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအား‌ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်း ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့်ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများ၊ ကားရပ်နားရန် နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အားကစားကွင်း၊ အားကစားရုံ၊ အားကစားသမားတည်းခိုဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦများ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ရေရှည်တည်တံ့စေရေး၊ အားကစားခန်းမ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကာ အားကစား ဥယျာဉ်စီမံကိန်း အချောထည်လုပ်ငန်းတွင် ပါဝင်သော အားကစားခန်းမ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း၊ VIP ပွဲကြည့်စင် ထိုင်ခုံတပ်ဆင်ခြင်း လုပ်ငန်းနှင့် LED Score Board တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ေနမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု စင်တာ အဝင်မုခ်ဦး၊ လေးထပ်မျှော်စင်၊ ဝန်ထမ်းအိမ်ရာ၊ ဝန်းခြံစည်းရိုး၊ ယဉ်ကျေးမှုပြတိုက် (200’x100') တည်ဆောက်ခြင်း လုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် ဘဏ္ဍာနှစ်အတွင်း အချိန်မှီပြီးစီးစေရေး၊ လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းရှင်းစေရေး၊ အဆောက်အအုံပိုင်းဆိုင်ရာ ကောင်မွန်မှုတို့ကို ဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်

အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှု ဗဟိုစင်တာသည် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာများကို တစ်နေရာ တည်းတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊  ယဉ်ကျေးမှု၊   ရိုးရာဓလေ့ထုံးတမ်း၊  အမျိုးသားရေး လက္ခဏာ၊ သမိုင်းအမွေအနှစ်နှင့် Land mark တို့ပါ ထည့်သွင်းစေပြီး ပြည်နယ်ဂုဏ်ဆောင် ပြယုဂ် တစ်ခုဖြစ်လာနိုင်ရန် ရည်ရွယ်၍ တည်ဆောက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)