လမ်းမတော် နိုဝင်ဘာ ၂၂
၂၀၂၅- ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော် မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မဲစာရင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ၂၁ ရက်ကြာ ကပ်ထား ကြေညာထားပြီးဖြစ်သည်။ မဲစာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာ (၄) ရက်နေ့အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများတွင် (ဒုတိယအကြိမ်)ကပ်ထား ကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် မိမိစာရင်းအားလာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင်မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သူများ ပါ၀င်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း တို့ကိုပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကို လာရောက်ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည် ဖြစ်ကြောင်းကို ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအတိုင်း သက်ဆိုင်ရာတာ၀န်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏အမည်စာရင်း ပါမပါသိရှိနိုင်ရေး လာရောက်ကြည့်ရှုကြပါရန် ရပ်ကွက်အလိုက် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)