မိုးညှင်းမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ

မိုးညှင်း နို၀င်ဘာ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်/ကျေးရွာများအလိုက် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုင်ဝင်ဘာ (၂၁)ရက်မှ ဒီဇင်ဘာ (၄)ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားရှိရာ ပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုနေကြသည်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှုကြပြီး မိမိအမည်မပါဝင်ပါက ပုံစုံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း အသီးသီး လျှောက်ထားနိုင်ကြောင်း သိရသည်။

ရွှေမိုးညှင်း