ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ

ဇမ္ဗူသီရိ  နိုဝင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲများတွင် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ကပ်ထားကြေညာ လျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို လာရောက် ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများ ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင် ကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့ထိ (၁၄)ရက်ကြာ ကြေညာပေးထားမည် ဖြစ်ကြောင်းသိရှိရသည်။

နီလာ(ပြန်/ဆက်)