မိုင်းယန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို မြို့ပေါ်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယမန်နေ့နံနက်(၇)နာရီမှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိပြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စု ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၆၉၂၇)ဦး ရေရှိပြီး မဲစာရင်းများ ကပ်ထားကြေညာပေးခြင်းကို (၂၁-၁၁-၂၀၂၅) ရက်နေ့မှ (၄-၁၂-၂၀၂၅) ရက်နေ့အထိ နံနက်(၇)နာရီမှ ည(၉)နာရီအထိ၊ (၁၄)ရက်တိတိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းထူး