မိုင်းဖြတ်မြို့နယ်၌ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

မိုင်းဖြတ် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို ယမန်နေ့ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများတွင် ကြေညာထားကြောင်း သိရသည်။ ထိုကဲ့သို့(ဒုတိယ)အကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိခြင်းကို မဲဆန္ဒရှင် ပြည်သူများက မိမိတို့အမည်ပါ/မပါ လာရောက်ကြည့်ရှုခဲ့‌ကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်း ကြေညာသည့်အခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအားကိုနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကပ်ထားမည်ဖြစ်ပြီး (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းတွင် မိုင်းဖြတ်မြို့နယ်မှ မဲဆန္ဒရှင် စုစုပေါင်း (၂၀၀၄၅) ဦး ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)