လားရှိုးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

လားရှိုး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားကြေညာခဲ့‌ကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းအား နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်အထိ ၁၄ ရက်တာ ကြေညာထားမည်ဖြစ်ပြီး ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စုတစ်စု စုစုပေါင်း ၁၃ခုတို့တွင် မဲရုံစုစုပေါင်း ၆၆ရုံ၊ မဲဆန္ဒရှင်ပြည်သူ ကျား ၅၂၆၈၀ ဦး၊ မ ၅၅၁၈၇ဦး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၁၀၇၈၆၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

ခရိုင်(ပြန်/ဆက်)