ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး" အသိပညာပေးခြင်း ဆောင်ရွက်

ညောင်ရွှေ နိုဝင်ဘာ ၂၂

သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို  နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ ခေါင်တိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ပုလဲခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က တောမီးကာကွယ်‌ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးခင်မောင်ထွေးက သစ်တောထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူ ဦးအောင်သူဟိန်းက မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအကြောင်း အရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။

၎င်းနောက် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူလေးများနှင့် လက်တွေ့မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်အား သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်းနှင့် သစ်တောဦးစီးဌာနမှ တစ်ဦးချင်းမှ သစ်တော၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းနည်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ (ပြန်/ဆက်)