ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ဂနိုင်ကန်(၃)ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်လမ်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့အတွင်း ကက္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ မြို့မရပ်ကွက်အတွင်းရှိ စဝ်စံထွန်းလမ်း (၈၅၅'x၁၄'x၃") ၂၇.၉ သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း၊ တူးမြောင်းလမ်း (၉၀၀'x၁၄'x၉") ၄၈.၇ သန်းဖြင့် ကျောက်ထပ်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ရေမဲလမ်း (၁၆၀၀'x၁၄'x၉") ၇၃.၆ သန်းဖြင့် ကျောက်ထပ်ကတ္တရာခင်းခြင်းနှင့် Slab Culvert ၂ စင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး၊ သစ်တောရပ်ကွက် ဘုရင့်နောင်လမ်း (၅၇၅'x၁၂'x၃") ၁၆.၉၅ သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ညောင်ရွှေ ဟော်ကုန်းရပ်ကွက်၊ မဟာဗန္ဓုလလမ်း(၉၀၀'x၁၅'x၃") ၂၉.၁၅ သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှင့် ရေအေးကွင်းရပ်ကွက် နန်းသီတာလမ်း(၆၃၀'x၃၀'x၃") ၃၅.၄ သန်းဖြင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာအတွင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ဂနိုင်ကန်-၃ ပတ်လည်လမ်း (၂၁၀၀'x၁၂'/၁၀'x၆") ၂၅၁.၆၅ သန်းဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)