မြစ်ကြီးနားမြို့၌ ပါတီစုံအထွေထွေရွေးကော်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

မြစ်ကြီးနား နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲးရုံးများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း များ ထုတ်ပြန်ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)