ဒဂုံမြောက် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်များအတွင်း နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ သွားရောက်ပညာဆည်းပူးမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက လျှို့ဝှက်ကြိုတင်မဲပုံးတွင် မိမိတို့နှစ်သက်ရာပါတီကို ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ