စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ မြစ်ကြီးနားမြို့၌ကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ  ၂၁

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်း၊ ပန်းချီ၊ ပုံပြင်ပြောနှင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ကို ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)မှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းသား ကျောင်းသူများ (၈၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)