ကျောက်ဆည် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲစာရင်းတွင်ပါရှိပြီး မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်တက်ရောက်နေသည့် ကျေုာင်းသား/ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆက်လက်ပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး ကြိုတင်ဆန္ဒမဲများပေးရာ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကော်လိပ်များမှထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကဒ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူပြီး မိမိတို့ဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင်ဆန္ဒမဲပေး၍ သက်ဆိုင်ရာလွှတ်တော်သီးသီးရှိ ကြိုတင်ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်