ဟိုမိန်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ဟိုမိန်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင်  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ​မြို့ပေါ်ရပ်ကွက်များ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိပြီး ဟိုမိန်းမြို့အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၆၆၀)ဦးရှိပြီး  မဲစာရင်းများ ကပ်ထားကြေညာပေးခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ  ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း ဟိုမိန်းမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းငင်း (ပြန်/ဆက်)