နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ်မဲစာရင်းများ ကြေညာ

နောင်ချို နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

အဆိုပါမဲစာရင်းကပ်ထားပေးမှုများအား နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့်​အဖွဲ့ဝင်များက ပြည်သူများမှ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာ(၁၉)ရွာတို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၇၂၅၀၄)ဦးရှိပြီး မဲရုံ (၅၆)ရုံရှိကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းများကို ၂၁-၁၁-၂၀၂၅ ရက်နေ့မှ ၄-၁၂-၂၀၂၅ ထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်