မိုးညှင်း နို၀င်ဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဗမောက်ကုန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့်တာဝန်ရှိသူများက ဗမောက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် Green Kiseki ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လယ်ယာကုန် ထုတ်လမ်းဖြစ်သည့် မြေသား၊ သဲကျောက်ခင်းခြင်းလုပ်ငန်းကို လိုက်လံကြည့်ရှု စစ်ဆေးကြပြီး ၎င်းလုပ်ငန်းအား သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူမျာနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာကုန်ထုတ်လမ်းဖြစ်သည့် မြေသား၊ သဲကျောက်လမ်းအား အရှည်တစ်မိုင် အကျယ် (၁၈) ပေနှင့် အမြင့်နှစ်ပေရှိပြီး ရေပြွန်တစ်စင်း၊ Box Culvert တစ်စင်းနှင့် အုတ်ခုံခံ ကွန်ကရစ်တံတား တစ်စင်းပါရှိသည့်လုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် (၁၁၈) ဒဿမ (၆၅၀) သန်းဖြင့် Green Kiseki ကုမ္ပဏီမှ တာဝန်ယူ၍ ဇူလိုင်လတတိယပတ်တွင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ၃၀ ရာခိုင်နှုန်းထိ ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း