ကျိုင်းတုံ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲကို နိုဝင်ဘာ ၁၉ ရက်က ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်တာဝန်ရှိသူများက ရှမ်းနှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းတိုင်းရင်းသားရိုရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် နှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး နာယက နှင့် ဥက္ကဋ္ဌ တို့က အသီးသီး အမှာစကားပြောကြားကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တာဝန်ရှိသူများက လက်ခံရယူကာ နှစ်သစ်ကူးလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် ချင်းလုံးပြိုင်ပွဲဆုရရှိသူများနှင့် တက္ကသိုလ်ဝန်တန်းအောင် ရှမ်းတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။
ထို့နောက် ဧည့်သည်တော်များအား ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲဖြင့် တည်းခင်းဧည့်ခံပြီး ရှမ်းတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှုအက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)