မချမ်းဘောမြို့ အောင်တော်မူအေးစေတီတော်မြတ်၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းပမည်

မချမ်းဘော နိုဝင်ဘာ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အထင်ကရကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် စတုတ္ထအကြိမ်မြောက်အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီတွင် ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် မချမ်းဘောမြို့နယ်နှင့်ပူတာအိုဒေသရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာ၊ သီလရှင် ၂၉ ပါးတို့က အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၈ ရက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပဌာန်းသိမ်းအောင်ပွဲ၊ ဗုဒ္ဓဘိသေက အနေကဇာတင်နှင့် ဆွမ်းဆော်ကပ်လှူသွားမည်ဖြစ်ပြီး အောင်ပွဲအခမ်းအနားတွင် ဘုရား၊ တရား၊ သံဃာနှင့်သီလရှင် ၂၉ ပါးတို့အား ပဌာန်းအောင်ပွဲပဌာန်းမဲများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)