ပုသိမ်ကြီး နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်) က မြန်မာနိုင်ငံစာရေးဆရာများအသင်း (ဗဟို)မှ ပေးပို့သည့် နတ်တော်လဆန်း (၁)ရက်နေ့ စာဆိုတော်နေ့ သဝဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။ ထို့နောက် စာရေးဆရာအသင်းနာယက ဆရာမာဃိန္ဒ (ပုသိမ်ကြီး) က မုဒိတာစကားပြောကြားခဲ့ပြီး၊ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့မှ စာရေးဆရာကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကိုပြန်/ဆက်