မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ထုတ်ပေး

မိုးနဲ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများထုတ်ပေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများပူးပေါင်းကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဧပြီလမှ အောက်တိုဘာလအထိ) မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင် ၁၇၃ဦး အသက် (၂) နှစ်အောက် ကလေး ၃၆၀ ဦး စုစုပေါင်း (၅၃၃) ဦးအား ထောက်ပံ့ငွေ (၅၀၄၃၀၀၀၀) ကျပ်သိန်း ငါးရာ့လေးသိန်းသုံးသောင်းတိတိအား စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို