မချမ်းဘော နိုဝင်ဘာ၂၁
မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ကြရမည့် အဆိုပါနေ့ရက်တွင် အသက်၁၈နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ဆောင်ရွက်ခဲ့သည်။
မချမ်းဘောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅စု၊ မဲရုံပေါင်း ၁၈ ရုံအတွင်းမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ကျောင်းသူ ကြိုတင်ဆန္ဒမဲပေးသူ အမှတ်(၁)ရပ်ကွက်မှ ၂ ဦး၊ အမှတ်(၂)ရပ်ကွက်မှ ၁ ဦး၊ အမှတ်(၃)ရပ်ကွက်မှ ၁ ဦး၊ အမှတ်(၄)ရပ်ကွက်မဲရုံမှ ၁ ဦး၊ နမ်ခမ်ကျေးရွာ မှ ၉ ဦး၊ ထရန်ဒမ်းကျေးရွာမှ ၃ ဦး စုစုပေါင်း ၁၇ ဦးတို့က သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)