ကျောက်တလုံးကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေငြာ

ကျောက်တလုံးကြီး နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်မဲ‌ပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်‌ကျေးရွာ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ ကြော်ငြာဘုတ်များတွင် ကြေငြာကြောင်း သိရသည်။

 အဆိုပါ မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁  ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ ၄ ရက်ကြာ ကပ်ထားကြေငြာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄ (က) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန္တာ