လားရှိုး-မယ်ဟော့ (မိုင်းရယ်-ကျေးသီး) လမ်းမိုင်တိုင်အမှတ်(၅၉/၀-၆၀/၀)အတွင်း ကတ္တရာလမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် 

တောင်ကြီး  နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (လားရှိုး-မယ်ဟော့) မိုင်းရယ်-ကျေးသီးလမ်းမိုင်တိုင်အမှတ် (၅၉/၀-၆၀/၀)အတွင်းကတ္တရာလမ်းပြုပြင်ရန် အခြေခံလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်သည့်အပိုင်းအား ရေစီးရေလာကောင်းမွန်းစေရန်  လမ်းဘေးရေမြောင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ  ၁၉ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါ(လားရှိုး-မယ်ဟော့) မိုင်းရယ်-ကျေးသီးလမ်းမိုင်တိုင်အမှတ်(၅၉/၀-၆၀/၀)အတွင်း လမ်းပဲ့ကျပျက်စီးခြင်း၊ ကမ်းကပ်ခုံပျက်စီးခြင်း၊ ချဉ်းကပ်လမ်းများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနတို့ပူးပေါင်း၍စက်ယန္တရားများဖြင့် မြေဖို့ခြင်း၊ ကမ်းကပ်ခုံပြင်ဆင်ခြင်း၊ တံတားပြင်ဆင်ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)